လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် သံတောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် တက်ရောက်လာသူတာဝန်ရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲ၌ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအားဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_feb2020
Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)