လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့၌ မွန်ပြည်နယ်၊ မော်မြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာ၊ မောင်စိန်ကုန်းထိပ်တွင် ဖြစ်ပွါးခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံး သွားခဲ့သည့် လူနေအိမ် (၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁) အိမ်ထောင်စာ တန်ဖိုးငွေ(၃၅၁၅၃/-)ကျပ်၊ လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀ဝဝ/-)ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂,၁၀ဝ/-)ကျပ်တို့အား(၁၃-၂-၂၀၂၀) ရက်နေ့(၁၃:၀၀) နာရီ အချိန်တွင် မီးဘေးသင့်ပြည်သူထံလက်၀ယ် အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mon_feb 2020
Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)