မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာအုပ်စု၊ ကျုံကူးကျေးရွာတွင် (၁၁-၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည် နေအိမ် (၁၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ စုစုပေါင်းနေအိမ် (၁၄)လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၆၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၂)ပုံး (၄၁၂၂၃၆/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၁၀၀၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၃၀၂၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၃၀၂၀ဝ/-) ကျပ်အား (၁၃-၂-၂၀၂၀) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_feb2020

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events