
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်ရောက်ရှိလာသည့် ဒဏ်ရာရရှိသူ(၂)ဦးအတွက် ဒဏ်ရာရ ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်အား (၁၃-၂-၂၀၂၀)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#rke_feb2020