Category Archives: News
-
မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၂၀) ရက်နေ့၊ (၇:၀၀) နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စပါယ်မျှောင် ကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှမီးဘေးသင့်ပျက်စီးနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၆၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး … Read more
-
သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန တို့နှင့်ပူးပေါင်း၍ (၂၃-၂-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ(၁၁:၃၀)နာရီအထိ မိုင်းဖြတ်မြို့နယ်၊ ပါလောင်းကျေးရွာ တွင် ကျေးရွာသူကျေးရွာသား (၇၀)ဦးတို့အား ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးဆိုင်ရာ အသိပညာများ၊ သဘာဝဘေးကျရောက်လာပါက လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်တို့အား ဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_feb2020 Source: မိုင်းဖြတ်မြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန် ကွင်း ဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံး အနက် မကွေးမြို့နယ်၊ လိပ်ကန်ကျေးရွာ၌ ပြင်ဆင်ရန်လိုအပ်သည့် နေအိမ် (၁၀၀) လုံးအား (၂၃-၂-၂၀၂၀) ရက်နေ့ (၀၇:၃၀) နာရီမှ (၁၃:၄၅) နာရီအထိ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ၊ အရန်မီးသတ်အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက် ခဲ့ပါကြောင်း သိရှိရပါသည်။ #mgy_feb2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ပြည်နယ်အဆင့်၊ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ကြက်ခြေနီအသင်းတို့နှင့်အတူ(၂၂-၂-၂၀၂၀) ရက်နေ့တွင် ဆဒုံးမြို့၊ ဆနာကျေးရွာနေ ဦးနော့တား လှူဒန်းသည့်မြေနေရာ အကျယ် (၄.၅) ဧကခန့်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် တည်ဆောက်ပေးသော တန်ဖိုးနည်းအိမ်ရာ (၁၈×၂၄×၁၂)ပေ အလုံး(၄၀)သို့ ပြောင်းရွေ့သောတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၈)စု၊လူဦးရေ (၂၄၁) ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ စားနပ်ရိက္ခာ (၁)လစာ တန်ဖိုးငွေ (၂,၇၇၄,၂၇၅)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ကယ်ဆယ်ရေး(၁၇)မျိုးပါ family kit (၃၈)ပုံး တန်ဖိုးငွေ (၁,၅၃၃,၄၁၄) … Read more
-
မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအစီအစဉ်ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ရဟိုင်ကူးတို့ ကျေးရွာ၌ (၂၀-၂-၂၀၂၀)ရက်နေ့၊ (၈:၀၀)နာရီချိန်မှ (၁၁:၃၀)နာရီချိန်အထိ “မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်မှု အစီအစဉ်” ကို ဆောင်ရွက်ခဲ့ရာ ယင်းဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍( ဝါ၊လိမ်၊ နီ၊ ညို၊ စိမ်း)အရောင်ကာလာအဆင့်များအလိုက် မိမိတို့ရရှိလာသော သတင်းအချက်အလက်များမူတည်၍ မည်သို့လိုက်နာလုပ်ဆောင်ရမည်များကိုကြိုတင်ဆွေးနွေးသရုပ်ပြခဲ့ပြီးနောက် ပူးပေါင်းပါဝင်သူများမှ စနစ်တကျ ဆောင်ရွက်ခဲ့ရာ မြို့နယ်ဌာနဆိုင်ရာများ/ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ (ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ လူဝင်မှုကြီးကြပ်ရေး၊ ကျေးလက်၊ မိုးဇလ၊ လျှပ်စစ်၊ စိုက်ပျိုးရေး၊ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပေါင်မြို့နှင့်မော်လမြိုင်မြို့များတွင် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုအကျိုးပြုကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်
ဖေဖော်ဝါရီ ၂၂ ၊ မော်လမြိုင် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေနေ ရာလှူဒါန်းခြင်း အခမ်းအနားကို ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ဒေသခံများ၊ ရှေးဦးအရွယ်ကလေးငယ်များနှင့် မိဘများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးများ ဖွံ့ဖြိုးတိုးတက်မှုသည် မိသားစုအတွက်သာမက မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၇) ရပ်ကွက် ဒုဌဝတီလမ်း ၊အမှတ်(၁၅/၁၅၃) နေ ဒေါ်နိုင်ဇင်ထွေး၏နေအိမ် မီးသွေးမီးဖို မီးကြွင်းမီးကျန်မှတဆင့် (၂၁-၂-၂၀၂၀)ရက်နေ့ (၁၀:၂၀)နာရီချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၅)လုံး မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်(၄)လုံးမီးတားကြိုတင်ဖျက်သိမ်းခဲ့ရာ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၃၂) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင် စု (၉) စုစာ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၀၀,၀၀ဝ) ကျပ်၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၁-၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ မိုးမိတ်မြို့နယ်၊ လယ်ဆာကျေးရွာအုပ်စု၊ လွယ်ဆာကျေးရွာရှိ ကျေးရွာနေပြည်သူ လူထုများအား ဝန်ကြီးဌာန၏မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများ အတွက်ထောက်ပံ့မှုနှုန်းထားများ၊ ၎င်းဒေသတွင်ဖြစ်နိုင်ခြေရှိသော ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်/ ရှောင်ရန်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်အား … Read more
-
လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၂၀) ရက်နေ့၊ (၉:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံးအနက် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သံဘိုအုပ်စု၊ ကန်ရေလေးရွာ၊ ကန်ရေကြီးမြောက်ရွာ၊ သံဘိုကျေးရွာတို့တွင် ပြင်ဆင်ရန်လိုအပ်သည့် နေအိမ် (၂၉) လုံးအား လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်ခြင်းကိုကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ #mgy_feb2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန် ကွင်း ဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံးအနက် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဝင်ဝကျေးရွာ၌ ပြင်ဆင်ရန်လိုအပ်သည့်နေအိမ် (၂၅) လုံးအား (၂၂-၂-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၁;၀၀) နာရီအထိလည်းကောင်း၊ ချောင်းခွကျေးရွာ၌ ပြင်ဆင်ရန်လိုအပ်သည့် နေအိမ် (၂၅) လုံးအား (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအထိလည်းကောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင် ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #mgy_feb2020 Source: … Read more









