လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၂၀) ရက်နေ့၊ (၉:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံးအနက် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သံဘိုအုပ်စု၊ ကန်ရေလေးရွာ၊ ကန်ရေကြီးမြောက်ရွာ၊ သံဘိုကျေးရွာတို့တွင် ပြင်ဆင်ရန်လိုအပ်သည့် နေအိမ် (၂၉) လုံးအား လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်ခြင်းကိုကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)