သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

22_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၁-၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ မိုးမိတ်မြို့နယ်၊ လယ်ဆာကျေးရွာအုပ်စု၊ လွယ်ဆာကျေးရွာရှိ ကျေးရွာနေပြည်သူ လူထုများအား ဝန်ကြီးဌာန၏မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများ အတွက်ထောက်ပံ့မှုနှုန်းထားများ၊ ၎င်းဒေသတွင်ဖြစ်နိုင်‌ခြေရှိသော ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်/ ရှောင်ရန်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်အား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရ ပါသည်။

#ar
#shn_feb2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events