လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန တို့နှင့်ပူးပေါင်း၍ (၂၃-၂-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ(၁၁:၃၀)နာရီအထိ မိုင်းဖြတ်မြို့နယ်၊ ပါလောင်းကျေးရွာ တွင် ကျေးရွာသူကျေးရွာသား (၇၀)ဦးတို့အား ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးဆိုင်ရာ အသိပညာများ၊ သဘာဝဘေးကျရောက်လာပါက လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်တို့အား ဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မိုင်းဖြတ်မြို့နယ်ဉီးစီးမှူးရုံး (ဘစမ)