
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံးအနက် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဝင်ဝကျေးရွာ၌ ပြင်ဆင်ရန်လိုအပ်သည့်နေအိမ် (၂၅) လုံးအား (၂၂-၂-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၁;၀၀) နာရီအထိလည်းကောင်း၊ ချောင်းခွကျေးရွာ၌ ပြင်ဆင်ရန်လိုအပ်သည့် နေအိမ် (၂၅) လုံးအား (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအထိလည်းကောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင် ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
#mgy_feb2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)