Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပေါင်မြို့နယ် ရဲပြားကုန်းကျေးရွာတွင် မလတ်တောင် မြေပြိုမှုကြောင့် ဘေးသင့်သောပြည်သူများကို ပြန်လည်နေရာချထားမည့်နေရာကြည့်ရှုမှုသတင်း
ဖေဖော်ဝါရီ ၂၄၊ ပေါင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူ မနေ့က ညနေပိုင်းက ပေါင်မြို့နယ်၊ ရဲပြားကျေးရွာတွင် ၂၀၁၉ ခုနှစ် မိုးသည်းထန်စွာရွာသွန်းပြီး မလတ်တောင်မြေပြိုမှုကြောင့် ဘေးသင့်သောပြည်သူများ ပြန်လည်နေရာချထားမည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အဆိုပါကျေးရွာတွင် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဘေးသင့်ပြည်သူများကို ပြန်လည်နေရာချထားရန်အတွက် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း(မွန်)က တာဝန်ယူတည်ဆောက်ပေးထားသောနေအိမ် (၂၃) လုံး တည်ဆောက်ထားရှိမှု၊ ရေရရှိရေး၊ လျှပ်စစ်မီးသွယ်တန်းရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀)ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မင်းရာဇာခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့ရာ အဆိုပါသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား တက်ရောက်သူဦးရေ (၃၀) ဦးရှိပြီး (၂၄-၂-၂၀၂၀) နေ့မှ (၂၆-၂-၂၀၂၀) နေ့အထိ(၃)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သ့တွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ဒေါင်းချောင်းကျေးရွာအထက်တန်းကျောင်း၌ (၁၀:၀၀) နာရီချိန်မှ (၁၂:၀၀) နာရီချိန်အထိ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြော ဆွေးနွေး သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ရာ ဆရာ/ ဆရာမ၊ ကျောင်းသား/ သူနှင့်ရပ်ကွက်သူ/ သားများ စုစုပေါင်း (၁၅၁) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #rke_feb2020 Source: သံတွဲခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၃-၂-၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာတို့နှင့်ပူးပေါင်း၍ မိုင်းဖြတ်မြို့နယ်၊ တောညုအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် ကျေးရွာသူကျေးရွာသား(၁၂၀)ဦးအားလည်ကောင်း၊ မွန်းလွဲ(၁:၀၀)နာရီမှ(၃:၀၀)နာရီအချိန်ထိ ဆွတ်ပန်းကျေးရွာတွင် ကျေးရွာသူကျေးရွာသား (၈၀)ဦးတို့အား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးဆိုင်ရာအသိပညာများ၊ ထောက်ပံ့နှုန်းထားတို့အား ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_feb2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက်(၃၃၇၂)၊ အခန်း(၁၆)တွင် (၂၁-၂-၂၀၂၀) ရက်နေ့၊ (၁၁:၅၀)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ရာတိုက်ခန်း(၁)ခန်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသဖြင့် ဘေးသင့်လူဦးရေ (၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁)အိမ်ထောင်စာတို့အား (၂၃-၂-၂၀၂၀) ရက်နေ့ (၁၇:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_feb2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပေါင်မြို့နှင့်မော်လမြိုင်မြို့များတွင် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုအကျိုးပြုကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဖေဖော်ဝါရီ ၂၂ ၊ မော်လမြိုင် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေနေရာ လှူဒါန်းခြင်း အခမ်းအနားကို ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံများ၊ ရှေးဦးအရွယ်ကလေးငယ်များနှင့် မိဘများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးများ ဖွံ့ဖြိုးတိုးတက်မှုသည် မိသားစုအတွက်သာမက မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အရေးပါပါကြောင်း၊ … Read more
-
မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် မီးကျွင်းမီးကျန်မှ ဓနိကာထားရာသို့မီးကူးစက်ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ် (၁၈) လုံးမီးလောင်ဆုံးရှုံးခဲ့ရာ၊ အိမ်ထောင်စု (၁၈) စု မှလူဦးရေ (၇၂) ဦးတို့ မီးဘေးသင့်ခဲ့ပြီး ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၈) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈,၀၀,၀၀ဝ) ကျပ်၊ လူဦးရေ (၇၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပ့ငွေ (၁,၅၁,၂၀ဝ) ကျပ်၊ … Read more
-
School Cum Shelter တည်ဆောက်နေမှုအားကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လပွတ္တာမြို့ နယ်၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ ဓနိဆိပ်ကျေးရွာတွင် ဘန်သိန်းကုမ္ပဏီ၏ School Cum Shelter တည်ဆောက်ခြင်း (၇၅%) တည်ဆောက်ပြီးစီးမှုအခြေအနေအား မြို့နယ်တည်ဆောက် ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများနှင့်အတူ (၂၃-၂-၂၀၂၀) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။ #ayy_feb2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ စစ်တောင်း(၁၂)လမ်း၊ အကွက်အမှတ် (၂၁၇၄၉) ၌ (၂၂-၂-၂၀၂၀) ရက်နေ့ (၁၄:၁၈)အချိန်တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးလူနေအိမ်(၁)လုံအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀,၀၀ဝ) ကျပ်၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၀,၅၀ဝ) ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၂၁၀,၅၀ဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး(၁)အိမ်ထောင်စုစာတို့အား ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၂.၂၀၂၀)ရက်နေ့ (၁၅:၁၅)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံခဲ့ကြောင်း သိရှိရပါ သည်။ … Read more
-
(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန် ကွင်း ဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံးအနက် ချောက်မြို့ နယ်၊ သံဘိုအုပ်စု၊ ကန်ရေလေးကျေးရွာ၊ ကန်ရေကြီးမြောက်ကျေးရွာ၊ သံဘိုတောင်ကျေးရွာတို့၌ ပြင်ဆင်ရန်လိုအပ်သည့်နေအိမ် (၂၉) လုံးအား လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #mgy_feb2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









