သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း

24_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၃-၂-၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာတို့နှင့်ပူးပေါင်း၍ မိုင်းဖြတ်မြို့နယ်၊ တောညုအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် ကျေးရွာသူကျေးရွာသား(၁၂၀)ဦးအားလည်ကောင်း၊ မွန်းလွဲ(၁:၀၀)နာရီမှ(၃:၀၀)နာရီအချိန်ထိ ဆွတ်ပန်းကျေးရွာတွင် ကျေးရွာသူကျေးရွာသား (၈၀)ဦးတို့အား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးဆိုင်ရာအသိပညာများ၊ ထောက်ပံ့နှုန်းထားတို့အား ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#shn_feb2020
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events