လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀)ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မင်းရာဇာခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့ရာ အဆိုပါသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအား တက်ရောက်သူဦးရေ (၃၀) ဦးရှိပြီး (၂၄-၂-၂၀၂၀) နေ့မှ (၂၆-၂-၂၀၂၀) နေ့အထိ(၃)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_feb2020
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)