သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

24_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သ့တွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ဒေါင်းချောင်းကျေးရွာအထက်တန်းကျောင်း၌ (၁၀:၀၀) နာရီချိန်မှ (၁၂:၀၀) နာရီချိန်အထိ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြော ဆွေးနွေး သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ရာ ဆရာ/ ဆရာမ၊ ကျောင်းသား/ သူနှင့်ရပ်ကွက်သူ/ သားများ စုစုပေါင်း (၁၅၁) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။

#ar
#rke_feb2020
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events