Category Archives: News
-
မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၉-၂-၂၀၂၀)ရက်နေ့ ၊ (၁၃း၃၀)အချိန်၌ ဘားအံမြို့နယ်၊ တောင်သူကုန်းကျေးရွာအုပ်စု၊ ခြံကလေးကျေးရွာ၊ ချမ်းသာကုန်းပိုင်းတွင် ဖက်မိုး၊ ဖက်ကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဉီးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု (၁)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၆၃၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း(၁၀၆၃၀၀ိ/-)အား (၂၄-၂-၂၀၂၀)ရက်နေ့၊ (၁၂း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_feb2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအချိန်ထိ ကျောက်မြောင်းမြို့၊ မလားကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_feb2020
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၀-၂-၂၀၂၀)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ဖိုးစားထောက်ပံငွေ (၁၀၅၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး (ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာအား (၂၄-၂-၂၀၂၀)ရက်နေ့ (၁၄း၃ဝ)နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။ #ha_fir … Read more
-
မိုးရေချိန်စံချိန်သစ်
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ထုတ်ပြန်ချက်) ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးရေချိန်စံချိန်သစ်ဖြစ်ပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀) ရက်နေ့ (၀၉:၃၀)အချိန်တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံးရှိ သင်တန်းခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါသတင်တန်းဖွင့်ပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား (၂၄-၂-၂၀၂၀) ရက်နေ့မှ (၂၆-၂-၂၀၂၀)ရက်နေ့အထိ သင်တန်းသား/သူ (၃၀)ဦး ဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_feb2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်းအမှတ်စဉ်(၅/၂၀၂၀) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်း အမှတ်စဉ်(၅/၂၀၂၀) အား ဖွင့်လှစ်ခဲ့ရာ အဆိုပါ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂၄-၂-၂၀၂၀)ရက်နေ့မှ (၂၆-၂-၂၀၂၀) ရက်နေ့အထိ (၃)ရက်တာ ဖွင့်လှစ်သွား မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၂၄-၂-၂၀၂၀)ရက်နေ့ (၀၀း၂၅)နာရီအချိန်တွင် တော်ထဲကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု(၁)စု၊ (သွပ်မိုး၊ပျဉ်ခင်း၊ထရံကာ)အိမ်ခြေ(၁)လုံးအတွက် အိမ်ဆာက်ပစ္စည်းဖိုးငွေ(၁၀၀၀၀ဝိ/-)ကျပ်၊ သေဆုံး(၂)ဦးအတွက်(၆၀၀၀၀ဝိ/-)ကျပ်၊ ဒဏ်ရာရ(၁)ဦးအတွက်(၅၀၀၀ဝိ/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၄၂၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၂၄-၂-၂၀၂၀)ရက်နေ့( ၀၉း၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူပူးပေါင်း၍ မင်းတပ်မြို့ ပြည်သူ့ဆေးရုံးတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #chn_feb2020 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အလယ်ပိုင်း)၊ ဦးသိန်းထွန်း(တဲတိုက်)နှင့် ချောင်းဆင်း(တဲတိုက်)ရှိ အိမ်ခြေ (၁၃၄) လုံး၊ အိမ်ထောင်စု (၁၄၂) စု၊ လူဦးရေ (၆၇၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၄- ၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီပဲယင်းမြို့နယ်၊ ဆပ်လူးကျေးရွာအုပ်စု၊ ဆပ်လူးကျေးရွာ၌ (၂၃-၂-၂၀၂၀) ရက်နေ့၊ (၂၁:၃၃) နာရီတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်တို့အား (၂၄-၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပေါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_feb2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများ
(၁၇-၂-၂၀၂၀)ရက်နေ့မှ (၂၃-၂-၂၀၂၀)ရက်နေ့အထိ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၊ ရန်ကုန်(ကမ္ဘာအေး) စခန်းက နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများကို ဖော်ပြထားပါသည်။









