လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၉-၂-၂၀၂၀)ရက်နေ့ ၊ (၁၃း၃၀)အချိန်၌ ဘားအံမြို့နယ်၊ တောင်သူကုန်းကျေးရွာအုပ်စု၊ ခြံကလေးကျေးရွာ၊ ချမ်းသာကုန်းပိုင်းတွင် ဖက်မိုး၊ ဖက်ကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဉီးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု (၁)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၆၃၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း(၁၀၆၃၀၀ိ/-)အား (၂၄-၂-၂၀၂၀)ရက်နေ့၊ (၁၂း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#krn_feb2020
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)