လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီပဲယင်းမြို့နယ်၊ ဆပ်လူးကျေးရွာအုပ်စု၊ ဆပ်လူးကျေးရွာ၌ (၂၃-၂-၂၀၂၀) ရက်နေ့၊ (၂၁:၃၃) နာရီတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်တို့အား (၂၄-၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပေါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_feb2020
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)