လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်း အမှတ်စဉ်(၅/၂၀၂၀) အား ဖွင့်လှစ်ခဲ့ရာ အဆိုပါ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂၄-၂-၂၀၂၀)ရက်နေ့မှ (၂၆-၂-၂၀၂၀) ရက်နေ့အထိ (၃)ရက်တာ ဖွင့်လှစ်သွား မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_feb2020