သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

24_pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၂-၂၀၂၀) ရက်နေ့ (၀၉:၃၀)အချိန်တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံးရှိ သင်တန်းခန်းမ၌ သဘာဝဘေးအ‌န္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါသတင်တန်းဖွင့်ပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား (၂၄-၂-၂၀၂၀) ရက်နေ့မှ (၂၆-၂-၂၀၂၀)ရက်နေ့အထိ သင်တန်းသား/သူ (၃၀)ဦး ဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#kcn_feb2020

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events