Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၂၀)အားဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၃-၂၀၂၀) ရက်နေ့၊ (၉:၀၀) နာရီအချိန်တွင် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၀)အား (၃-၃-၂၀၂၀) ရက်နေ့မှ (၇-၃-၂၀၂၀) ရက်နေ့ထိ သင်တန်းသား/သင်တန်းသူ (၅၀) ဦးဖြင့် (၅)ရက်တာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_mar2020
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၃-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ လီဝိုးကျေးရွာသို့ ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေ ဂါလံ(၃၂၀၀) ကို လည်းကောင်း၊ ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာသို့ ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေ ဂါလံ (၃၂၀၀) ကိုလည်းကောင်း၊ ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဝှယ်သူတော်ကျးရွာသို့ ရေသယ် ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၁၂၀၀) တို့ကို … Read more
-
အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂-၃-၂၀၂၀)ရက်နေ့တွင် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ကြည်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့်လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်းအသိပညာပေး ဗွီနိုင်းကိုသွားရောက်ကပ်ယူပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
“နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်”
=============================================================== (၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁)ရက်နေ့ထုတ်ပြန်ချက်) “မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များတစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။” အကြံပြုချက် သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် … Read more
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၁/၂၀၂၀) (၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
“ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂.၃.၂၀၂၀)ရက်နေ့မှ (၆.၃.၂၀၂၀) ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။” အကြံပြုချက် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း နှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
-
လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကနီမြို့နယ်ဦးစီးမှှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၀)ရက်နေ့တွင် ကနီ မြို့နယ်အတွင်းရှိ လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မည့် ဝင်မနားကျေးရွာအုပ်စုပျဉ်းမှော်ကျေးရွာမှ ပြင်ဆင်ရန် လိုအပ်သော နေအိမ် (၂၉)လုံးနှင့် ကျော်ရွာကျေးရွာအုပ်စု၊ ကံဇီးဘကျေးရွာမှ ပြုပြင်ရန်လိုအပ်သည့် နေအိမ် (၃၆)လုံးတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ လူငယ့်အားမာန် CSO အဖွဲ့၊ ဟိတပုညလူမှုရေးအသင်းအဖွဲ့များ ကျေးရွာခွဲတာဝန်ခံရပ်ကျေးစာရေး ရပ်မိရပ်ဖများကျေးရွာမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ha_sgw #sgg_mar2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာ (အရှေ့ပိုင်း) ဗိုလ်တဲ(တဲတိုက်)နှင့် ဦးဝိုင်းမောင်(တဲတိုက်)ရှိ အိမ်ခြေ (၁၂၈) လုံး၊ အိမ်ထောင် စု (၁၃၇) စု၊ လူဦးရေ (၆၄၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂- ၃-၂၀၂၀) ရက်နေ့ (၁၁ : ၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_mar2020 Source: … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၂.၂၀၂၀) ရက်နေ့ (၂၀:၄ဝ) နာရီအချိန်၌ ဖြစ်ပွားခဲ့သော သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာအုပ်စု၊ ကင်းရှေ့ကျေးရွာတွင် မီးဘေးသင့်(လုံးဝပျက်စီး) နေအိမ်(၁)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း၁၇မျိုး (၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂) သိန်းနှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၄၂၀၀/-)၊ စုစုပေါင်း (၂၁၄၂၀ဝ/-) ကျပ်တို့ကို ထွေ/အုပ်တို့နှင့်အတူ (၁.၃.၂၀၂၀) ရက် (၁၃:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_mar2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး … Read more
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက်၊ သပြေလမ်း၊ ကန်ဦးကျောင်း တိုက်အတွင်း အောင်စေပိုင်စေ စေတီတော်အနီးရှိ သီလရှင်ကျောင်းဆောင်၌ (၁-၃-၂၀၂၀) ရက်နေ့ (၁၆:၄၅) နာရီအချိန်တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးကျောင်း ဆောင် (၁) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀/-) ဘေး သင့်လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂,၁၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၀၂,၁၀၀/-) … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၃.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ပရယ်တော်ကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၃၂၀၀)အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









