လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကနီမြို့နယ်ဦးစီးမှှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၀)ရက်နေ့တွင် ကနီ မြို့နယ်အတွင်းရှိ လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မည့် ဝင်မနားကျေးရွာအုပ်စုပျဉ်းမှော်ကျေးရွာမှ ပြင်ဆင်ရန် လိုအပ်သော နေအိမ် (၂၉)လုံးနှင့် ကျော်ရွာကျေးရွာအုပ်စု၊ ကံဇီးဘကျေးရွာမှ ပြုပြင်ရန်လိုအပ်သည့် နေအိမ် (၃၆)လုံးတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ လူငယ့်အားမာန် CSO အဖွဲ့၊ ဟိတပုညလူမှုရေးအသင်းအဖွဲ့များ ကျေးရွာခွဲတာဝန်ခံရပ်ကျေးစာရေး ရပ်မိရပ်ဖများကျေးရွာမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ha_sgw
#sgg_mar2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)