မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း

 

2_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်‌တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက်၊ သပြေလမ်း၊ ကန်ဦးကျောင်း တိုက်အတွင်း အောင်စေပိုင်စေ စေတီတော်အနီးရှိ သီလရှင်ကျောင်းဆောင်၌ (၁-၃-၂၀၂၀) ရက်‌နေ့ (၁၆:၄၅) နာရီအချိန်တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးကျောင်း ဆောင် (၁) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး‌‌ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀/-) ဘေး သင့်လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂,၁၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၀၂,၁၀၀/-) တို့အား (၂-၃-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#npw_mar2020

Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events