
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၃-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ လီဝိုးကျေးရွာသို့ ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေ ဂါလံ(၃၂၀၀) ကို လည်းကောင်း၊ ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာသို့ ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေ ဂါလံ (၃၂၀၀) ကိုလည်းကောင်း၊ ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဝှယ်သူတော်ကျးရွာသို့ ရေသယ် ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၁၂၀၀) တို့ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)