
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၂.၂၀၂၀) ရက်နေ့ (၂၀:၄ဝ) နာရီအချိန်၌ ဖြစ်ပွားခဲ့သော သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာအုပ်စု၊ ကင်းရှေ့ကျေးရွာတွင် မီးဘေးသင့်(လုံးဝပျက်စီး) နေအိမ်(၁)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း၁၇မျိုး (၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂) သိန်းနှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၄၂၀၀/-)၊ စုစုပေါင်း (၂၁၄၂၀ဝ/-) ကျပ်တို့ကို ထွေ/အုပ်တို့နှင့်အတူ (၁.၃.၂၀၂၀) ရက် (၁၃:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#tny_mar2020
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)