Category Archives: News
-
မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ခန်းမ၌ (၅-၃-၂၀၂၀) ရက်နေ့တွင် “မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း” ကို သင်တန်းသား/သူ (၃၀) ဦးဖြင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၅-၃-၂၀၂၀) ရက်နေ့မှ (၇-၃-၂၀၂၀)ရက်နေ့အထိ (၃) ရက်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_mar2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးကြိုတင်ကာကွယ်မှုများဆောင်ရွက်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀)ရက် နေ့တွင် ကနီမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ မြောင်းကုန်းကျေးရွာရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးပြုလုပ်ရန်လိုအပ်မည့် နေအိမ်(၁၉)လုံးနှင့် အန္တရာယ်ရှိနိုင်သည့် ခုတ်ထွင်ရှင်းလင်းရန်လိုအပ်သော သစ်ပင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေး၊ ကျေးရွာခွဲတာဝန်ခံ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_mar2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးယောက်မြို့ရှိ UNICEF ရုံးချုပ်မှ Mr. Robert Jenkins ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ မတ် ၄ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နယူးယောက်မြို့ရှိ UNICEF ရုံးချုပ်မှ Education Associate Director ဖြစ်သူ Mr. Robert Jenkins ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက် ခြင်းလုပ်ငန်းနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးဆောင်၍ တိုးချဲ့ဆောင်ရွက်မည့်အခြေအနေများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကလေးသူငယ်များ၊ … Read more
-
ငလျင်ဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၄.၃.၂၀၂၀)နေ့တွင် ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ အင်းတော်မြို့နယ် ပုန်းဟုန်ကျေးရွာအုက်စု၊ ဖုန်ကုန်းကျေးရွာဘုန်းကြီးကျောင်းအတွင်းရှိ ရန်အောင်မင်္ဂလာကျောင်းဆောင်၊ ကျားယောဂီဆောင်၊ မယောဂီဆောင်နှင့် မော်လူးမြို့၊ မင်းသီရိရပ်ကွက် ဒီပင်္ကရာဘုရားဝင်းအတွင်း ဆွမ်းစားဆောင်RC (၂)ထပ်၊ ကျောင်းထိုင်ဘုန်းကြီးကျောင်းRC(၃)ထပ်တို့ ပျက်စီးမှုအတွက် တစ်ဆောင်လျှင်(၇၀၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်း(၅)ဆောင်အတွက် (၃၅၀၀၀၀ိ/-)ကို (၄.၃.၂၀၂၀)ရက်နေ့၊ (၁၅း၄၀)တွင်သွားရောက်ထာက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_eqk #sgg_mar2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ (၄.၃.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလိုကျေးရွာအုပ်စု၊ ထီးလသူးခိုကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၃၂၀၀)အား လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ နာယောင်လာကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၁၂၀၀)အား လည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာလုပ်ငန်းအဖွဲ့၏ ကွင်းဆင်းတွေ့ရှိမှုများ အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ မတ်လ ၄ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် နိုင်ငံတော်အစိုးရ၊ UNDP ၊UNHCR တို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာအရ သက်ဆိုင်သည့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ UNDP ၊ UNHCR တို့မှ ကိုယ်စားလှယ်များပါဝင်သော နည်းပညာ လုပ်ငန်းအဖွဲ့၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ကွင်းဆင်းလေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည် … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀)ရက်နေ့တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် လေးပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် အတွက် မိုးညိုမြို့နယ်၊စပါယ်မျှောင်ကျေးရွာအုပ်စုအတွင်းရှိ စပါယ်မျှောင်ကျေးရွာ၊ ညောင်ပင်ကပ် ကျေးရွာ၊ စိန်တိုင်ကျေးရွာများတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတက်သော လေးပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သောနေအိမ်များအား သင့်တင့် သော ခိုင်ခန့်မှုရရှိရန်အတွက် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ၊ မေတ္တာပေါင်းကူးပရဟိတအသင်းတို့ နှင့်ပူးပေါင်း၍ ကွင်းဆင်းစာရင်းကောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #bgo_mar2020
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၄-၃-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီချိန်မှ (၁၅:၂၀) နာရီအချိန်အထိ ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသူ/ကျေးရွာသား (၁၃၀)ဦးတို့ကို ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများနှင့် ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး တို့ဖြစ်ပွားလာပါက ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေး(၈)မျိုးပါလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_mar2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါပိုရှေ့ကျေးရွာသို့ ရေသယ်ယာဉ်(၁) စီးဖြင့် သောက်သုံးရေဂါလံ (၁,၂၀၀) အားလည်းကောင်း၊ ကေးလျား ကျေးရွာအုပ်စု၊ လောပလျားကျေးရွာသို့ ရေသယ်ယာဉ် (၁)စီးဖြင့် သောက်သုံးရေဂါလံ (၃,၂၀၀) အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၃-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ ဒေါဆီးအီကျေးရွာသို့ ရေသယ် ယာဉ် (၁) စီးဖြင့် သောက်သုံးရေဂါလံ (၁,၂၀၀) အားလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာသို့ ရေသယ်ယာဉ် (၁) စီး ဖြင့် သောက်သုံးရေ ဂါလံ (၃,၂၀၀) အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









