လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ (၄.၃.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလိုကျေးရွာအုပ်စု၊ ထီးလသူးခိုကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၃၂၀၀)အား လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ နာယောင်လာကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၁၂၀၀)အား လည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kyh_mar2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)