လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၄-၃-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီချိန်မှ (၁၅:၂၀) နာရီအချိန်အထိ ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသူ/ကျေးရွာသား (၁၃၀)ဦးတို့ကို ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများနှင့် ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး တို့ဖြစ်ပွားလာပါက ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေး(၈)မျိုးပါလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_mar2020
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)