လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါပိုရှေ့ကျေးရွာသို့ ရေသယ်ယာဉ်(၁) စီးဖြင့် သောက်သုံးရေဂါလံ (၁,၂၀၀) အားလည်းကောင်း၊ ကေးလျား ကျေးရွာအုပ်စု၊ လောပလျားကျေးရွာသို့ ရေသယ်ယာဉ် (၁)စီးဖြင့် သောက်သုံးရေဂါလံ (၃,၂၀၀) အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#kyh_mar2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)