Category Archives: News
-
ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံနှင့် ဒေးဒရဲမြို့များတွင် ရပ်ရွာအခြေပြု စေတနာလူမှု၀န်ထမ်းသမား များနှင့်တွေ့ဆုံ
မတ်လ ၇၊ ဖျာပုံ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် နံနက်ပိုင်းတွင် တာ၀န်ရှိသူများလိုက်ပါလျက် ဖျာပုံမြို့ရှိ ရှေးဟောင်းသမိုင်း၀င် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးသို့ သွားရောက်ဖူးမျှော်ပြီး အလှူငွေပေးအပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာသို့သွားရောက်ခဲ့ပြီး ဘိုးဘွား (၃၅) ဦးအတွက် အလှူငွေ ကျပ် (၅) သိန်း၊ စောင် များနှင့် အခင်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက် ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ တွဲဘက်အကျိုးတော်ဆောင် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀) ရက်နေ့ (၀၉:၃၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာသို့ ရောက်ရှိခိုလှုံနေသော တိုက်ပွဲရှောင်အိမ် ထောင်စု (၂၆) စု၊ ကျား(၄၉) ဦး၊ မ(၅၉) ဦး စုစုပေါင်း (၁၀၈) ဦးတို့အတွက် ဆန်ရိက္ခာ(၂) ပတ်စာ (၁၅) အိတ်၊ (၁၈)ပြည် တန်ဖိုးငွေကျပ်( ၄,၅၃၆,၀၀၀/-) အား (၇-၃-၂၀၂၀) ရက်နေ့ နေ့လည် (၁၄:၄၀) … Read more
-
ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် မြင့်မိုရ်စံထားကုမ္ပဏီမှ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၊ အမှတ် (၂) ရပ်ကွက်တွင် တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦဖွင့်ပွဲအခမ်းအနားအား (၇-၃-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်၌ ဖွင့်လှစ်ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ပါကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကဇောင်းကျေးရွာအုပ်စု၊ ရှောက်ချောင်း ကျေးရွာ၌ (၃-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀/-)၊ ဆန်ရိက္ခာ (၇)ရက်စာဘိုး (၆၃၀၀/-)၊ စုစုပေါင်း (၁၀၆၃၀၀/-) ကျပ်တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၆-၃-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများ ထံသို့ … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်းဘုရား ကုန်းရပ်ရှိ ရေနံမြေရွာကျောင်း၌ သောက်သုံးရေ အခက်အခက်အခဲဖြစ်ပေါ်နေသော ပြည်သူများအတွက် သောက်သုံးရေဂါလံ (၃၂၀၀)ကို ရေသယ်ယာဉ်ဖြင့် (၆.၃.၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရှိပါသည်။ #ha_drg #mgy_mar2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆားလင်းကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်နှင့်အတူ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ခွန်သာကျေးရွာအုပ်စု၊ ခွန်သာကျေးရွာတွင် (၅-၃-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူ(၂၂) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၄၆,၂၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ နှစ်အိမ်ထောင်စာတို့ကို (၆-၃-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် … Read more
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၌ (၅-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၁) လုံး အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၄၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၀၀,ဝဝ၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၉၂,၄၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၉၂,၄၀ဝ-)ကျပ် အား (၆-၃-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီ အချိန်တွင် ဓနုဖြူမြို့နယ်၊ … Read more
-
School cum shelters များ တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူ များနှင့်လွှတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူတို့နှင့်အတူ (၆-၃-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ရန်ပုံငွေဖြင့် ဦးဘန်သိန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက် ရှိသော school cum shelters(၆)လုံးအနက် နောက်ဆုံးတည်ဆောက်ပြီးစီးသည့် လပွတ္တာမြို့နယ်၊ ဓနိဆိပ် ကျေးရွာအုပ်စု၊ ဓနိဆိပ်ကျေးရွာမှschool cum shelter တည်ဆောက်ခြင်း ၁၀၀% တည်ဆောက်ပြီးစီးမှု အခြေအနေအားသွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ #ayy_mar2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(Multi – purpose shelter) တည်ဆောက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၂၀) ရက်နေ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ခွင့်ပြုရန်ပုံငွေဖြင့် ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်နှင့် ကန်သာယာရပ်ကွက်တို့တွင် (Multi – purpose shelter) (၁) လုံးစီတည်ဆောက်နေမှုနှင့် ဦးစီးဌာန (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် သထုံခရိုင်ဦးစီးမှူးရုံးဝန်ထမ်းအိမ်ရာ (၃) ခန်းတွဲ (၂) ထပ်တည် ဆောက်နေမှုအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်ဦးစီးမှူးမှ project တာဝန်ရှိသူများအား သတ်မှတ်ကာလ အတွင်းသတ်မှတ် … Read more
-
သောက်သုံးရေ ဖြန့်ဝေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ (၅.၃.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ ခေါင်းစောင်းကျေးရွာသို့ သောက်သုံးရေ ဂါလံ(၁၂၀၀)အား လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ဒူကျေးရွာသို့ သောက်သုံးရေ ဂါလံ (၃၂၀၀)အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kyh_mar2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









