လူ
မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၌ (၅-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၁) လုံး အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၄၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၀၀,ဝဝ၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၉၂,၄၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၉၂,၄၀ဝ-)ကျပ် အား (၆-၃-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီ အချိန်တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ် ရေးမှူး၊ ရပ်မိ ရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ် ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_rbe
#ayy_mar2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)