Category Archives: News
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၂/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ======================================== “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂၁.၃.၂၀၂၀)ရက်နေ့မှ (၂၄.၃.၂၀၂၀)ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပါသည်။” ======================================== အကြံပြုချက် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း)၊ ဦးကံမြင့်(တဲတိုက်)၊ ဦးကျော်စိန်(တဲတိုက်)နှင့် ဦးဘိုဝင်း(တဲတိုက်)ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု(၁၁၂) စု၊ လူဦးရေ (၅၇၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) ကို (၁၈- ၃-၂၀၂၀) ရက်နေ့၊ (၁၁ : ၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_mar2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့အောင်ဇေယျာရပ်ကွက်၊ နယ်မြေ(၈)၊ စိန်ပန်းလမ်း၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ(၁,၅၀၀,၀၀၀) ကျပ်၊ လူဦးရေ(၉၉) ဦးအတွက်ဆန်ဖိုးထောက်ပံ့ငွေ(၂၀၇,၉၀၀) ကျပ်၊ လုံးဝပျက်စီးအိမ်မှ အိမ်ထောင်စု (၁၅)စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး၊ (၁၅) အိမ်ထောင်စုစာ၊ တစ်စိတ်တစ်ပိုင်းပျက် အိမ် ထောင်စု(၂) အိမ်အတွက်ကယ်ဆယ်ရေးပစ္စည်း (၂)အိမ် ထောင်စုစာတို့ကို မီးဘေးကယ်ဆယ် ရေးစခန်းဖွင့်လှစ်ထားသည့်(အ.မ.က) (၁၉) စာသင်ကျောင်းရှိ မီးဘေးသင့်ပြည်သူများ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျူတောကျေးရွာအုပ်စု၊ ပိန်းအင်းကုန်းကျေးရွာ၌ (၁၇-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၇)ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝ/-) ကျပ်တို့ကို (၁၈-၃-၂၀၂၀)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_mar2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးဦးကာလတွင် ဖြစ်ပွား တတ်သော လေပြင်းဘေးကြောင့် ခိုင်ခံ့မှုအားနည်းသော နေအိမ်များအား လေပြင်းဘေးဒဏ် ခံနိုင်ရေးအတွက် နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် (၁၇-၃-၂၀၂၀) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အိုးကွဲကျေးရွာအုပ်စုအတွင်းရှိ ရေအိုးစင်ကုန်းကျေးရွာ၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေအား ညှိနှိုင်းခြင်း၊ မွမ်းမံပြင် ဆင်မည့် နေအိမ်များအား … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်၊ ကျောက်တစ်လုံး IDP စခန်း ပိတ်သိမ်းရေး ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကို အွန်လိုင်းဖြင့် ဆက်သွယ်ဆွေးနွေး
မတ် ၁၇ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ညနေပိုင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းနိုင်ရေးအတွက် မြေပြင်တွင် လက်တွေ့ကွင်းဆင်း ဆောင်ရွက်လျက်ရှိသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ကို အွန်လိုင်းဖြင့်ဆက်သွယ်ခဲ့ပြီး ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ အွန်လိုင်းမှတဆင့် ပြုလုပ်သောအစည်းအဝေးတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ဦးဆောင်သည့် မြေပြင်ကွင်းဆင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့မှုများကို တင်ပြပါ သည်။ ထိုသို့တင်ပြရာတွင် ပြန်လည်နေရာချထားရန်ရွေးချယ်ထားသည့်လက်ရှိစခန်းနှင့် … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၃-၂၀၂၀)ရက်နေ့တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မာန်တိုင်ကုန်းစုကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲပါကြောင်း သတင်းရရှိပါသည်။ #sgw #ayy_mar2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၃-၂၀၂၀)ရက်နေ့တွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စု၊ သုံးအိမ်စုကျေးရွာနှင့် ခေနန်ကျေးရွာအုပ်စု၊ အောက်စုကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #sgw #ayy_mar2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
(၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်အတွက်လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၂၀)ရက်နေ့တွင် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် အတွက် ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မအူချောင်းကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန်အတွက် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်ရန် ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစာရင်းကောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ayy_mar2020









