လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း)၊ ဦးကံမြင့်(တဲတိုက်)၊ ဦးကျော်စိန်(တဲတိုက်)နှင့် ဦးဘိုဝင်း(တဲတိုက်)ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု(၁၁၂) စု၊ လူဦးရေ (၅၇၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) ကို (၁၈- ၃-၂၀၂၀) ရက်နေ့၊ (၁၁ : ၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_drg
#mgy_mar2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)