မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

18_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့အောင်ဇေယျာရပ်ကွက်၊ နယ်မြေ(၈)၊ စိန်ပန်းလမ်း၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ(၁,၅၀၀,၀၀၀) ကျပ်၊ လူဦးရေ(၉၉) ဦးအတွက်ဆန်ဖိုးထောက်ပံ့ငွေ(၂၀၇,၉၀၀) ကျပ်၊ လုံးဝပျက်စီးအိမ်မှ အိမ်ထောင်စု (၁၅)စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး၊ (၁၅) အိမ်ထောင်စုစာ၊ တစ်စိတ်တစ်ပိုင်းပျက် အိမ် ထောင်စု(၂) အိမ်အတွက်ကယ်ဆယ်ရေးပစ္စည်း (၂)အိမ် ထောင်စုစာတို့ကို မီးဘေးကယ်ဆယ် ရေးစခန်းဖွင့်လှစ်ထားသည့်(အ.မ.က) (၁၉) စာသင်ကျောင်းရှိ မီးဘေးသင့်ပြည်သူများ လက်ဝယ် သို့ (၁၈-၃-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#‌mdy_mar2020

Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events