လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

 

18_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးဦးကာလတွင် ဖြစ်ပွား တတ်သော လေပြင်းဘေးကြောင့် ခိုင်ခံ့မှုအားနည်းသော နေအိမ်များအား လေပြင်းဘေးဒဏ် ခံနိုင်ရေးအတွက် နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်  (၁၇-၃-၂၀၂၀) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အိုးကွဲကျေးရွာအုပ်စုအတွင်းရှိ ရေအိုးစင်ကုန်းကျေးရွာ၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေအား ညှိနှိုင်းခြင်း၊ မွမ်းမံပြင် ဆင်မည့် နေအိမ်များအား ကွင်းဆင်း၍ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#‌ayy_mar2020

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events