Category Archives: News
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်ထိ ရွာစည်ကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များ အားဖြည့်ပြုပြင်ခြင်းကို မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထု တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #prep_sgw #mgy_mar2020
-
ညွှန်ကြားရေးမှူးချုပ်မှ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးပြီး ကျောက်ဖြူခရိုင်၌ သောက်သုံးရေရရှိနိုင်ရေး ကွင်းဆင်းလေ့လာခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်သည် (၁၈-၃-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးမှ ဝန်ထမ်းများ အားတွေ့ဆုံ၍ လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခြင်း၊ ရုံးနှင့်ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကယ်ဆယ်ရေးပစ္စည်းထားရှိသည့် သိုလှောင်ရုံများအတွင်း ပစ္စည်းထားသို ထိန်းသိမ်းမှုများ စနစ်တကျရှိစေရန်နှင့် သိုလှောင်ရုံစည်းမျဉ်းစည်းကမ်း များ လိုက်နာဆောင်ရွက်တတ်စေရန် စစ်ဆေးလမ်းညွှန်မှုပြုခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကျောက်ဖြူခရိုင်တွင် နွေကာလ၌ ရေချိုရရှိမှု အထောက်အပံ့ဖြစ်စေရန် ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများအား မြို့မိမြို့ဖများ၊ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးအုပ်စု၊ နားမွန်းကျေးရွာတွင် သောက်သုံးရေ ဂါလန် (၁၂၀၀) အား မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဌာနတို့နှင့် အတူ သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #shn_mar2020
-
မေတ္တာရပ်ခံပန်ကြားချက်
Covid-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှတစ်ဆင့် လျန်မြန်စွာ ကူးစက်နိုင်ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက် ရှိသော ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ သင်တန်းကျောင်းများနှင့် ဌာနငယ်များသို့ လာရောက်လှူဒါန်း သော အလှူရှင်များနှင့် မိမိတို့ဝန်ကြီးဌာနနှင့် MoU ရေးထိုးဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများသို့ အောက်ပါအတိုင်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်-
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀) နာရီတွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေရပ်ကွက်တွင် သောက်သုံးရေ ဂါလန် (၁၂၀၀) အား မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ဆက်ဦးစီးဌာနတို့နှင့်အတူ သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #shn_mar2020
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၃-၂၀၂၀)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်၊ မြောက်ပိုင်းကျေးရွာအုပ်စု၊ တေလဲကျေးရွာ၌ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ရာ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ (၆,၃၀ဝ)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၉၆,၃၀ဝ)ကျပ်ကို (၁၈-၃-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #kyh_mar2020
-
သောက်သုံးရေးဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက် အောင်ဇေယျ (၃) လမ်းရှိ အိမ်ခြေ (၁၀၀) လုံး၊ အိမ်ထောင်စု (၁၀၀) စု၊ လူဦးရေ (၃၀၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁,၅၀၀) ကို (၁၈- ၃-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင်သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_drg #mon_mar2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ပန်းတနော်မြို့နယ်၊ ထိန်ကုလားကုန်းကျေးရွာအုပ်စု၊ ထိန်ကုလားကုန်းကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန်အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်ရန် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၈-၃-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစာရင်းကောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_mar2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၃-၂၀၂၀)ရက်နေ့၊ (၁၁:၄၅)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၁၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၂)အိမ်ထောင်စုစာတို့ကို (၁၇-၃-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_mar2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၂/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ======================================== “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂၁.၃.၂၀၂၀)ရက်နေ့မှ (၂၄.၃.၂၀၂၀)ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပါသည်။” ======================================== အကြံပြုချက် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း … Read more









