
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ
ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးအုပ်စု၊ နားမွန်းကျေးရွာတွင် သောက်သုံးရေ ဂါလန် (၁၂၀၀) အား မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဌာနတို့နှင့် အတူ သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_drg
#shn_mar2020