
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၃-၂၀၂၀)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်၊ မြောက်ပိုင်းကျေးရွာအုပ်စု၊ တေလဲကျေးရွာ၌ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ရာ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ (၆,၃၀ဝ)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၉၆,၃၀ဝ)ကျပ်ကို (၁၈-၃-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#kyh_mar2020