မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

18_ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၃-၂၀၂၀)ရက်နေ့၊ (၁၁:၄၅)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၁၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၂)အိမ်ထောင်စုစာတို့ကို (၁၇-၃-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#sgg_mar2020

Source:           စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events