Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့ နေ့လည် (၁၂:၃၀)မှ စတင်ပြီး ကလေးမြို့ပေါ်ရပ်ကွက် (၂၀) သို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သတ်ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #sgg_mar2020 Source: ကလေးခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာအုပ်စု၊ ကန့်ဒေါင့်ကျေးရွာ၌ (၂၅-၃-၂၀၂၀) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံး မီးလောင်ဆုံးရှုံးခဲ့မှုကြာင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာထောက်ပံ့ငေ ွ(၈,၄၀၀) ကျပ်အား (၂၆-၃-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထာက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #sgg_mar2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀) ရက်နေ့၊ တောင်ကြီးမြို့၊ တောင်နီကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဉီး မီးဘေးသင့်ခဲ့ရာ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၆,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၆,၃၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် (၄၆,၅၅၃) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးတို့ကို (၂၆-၃-၂၀၂၀) ရက်နေ့(၁၃:၃၀)အချိန်တွင် ဘေးသင့် ပြည်သူလက်ဝယ်သို့သွားရောက် … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
(၂၆-၃-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ လျားဒူကျေးရွာနှင့် မာခရော်ရှေ့ ကျေးရွာအုပ်စု၊ ဒေါဆီးခူကျေးရွာတွင် သောက်သုံးရေဂါလံ(၁,၂၀၀)စီအားလည်းကောင်း၊ ကေးလျားကျေးရွာအုပ်စု၊ ကေးလျားကျေးရွာနှင့် မြို့မ ကျေးရွာအုပ်စု၊ ထီးသော်တနီးကူးကျေးရွာတွင် သောက်သုံးရေဂါလံ(၁,၄၀၀)စီအား လည်းကောင်း သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #kyh_mar2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ သရက်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ (၁၂-၃-၂၀၂၀)ရက်နေ့မှ (၁၈-၃-၂၀၂၀)ရက်နေ့အထိ ရခိုင်ပြည်နယ် အမ်းမြို့မှထွက်ခွာလာခဲ့ပြီး ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာမှတဆင့် မင်းတုန်းမြို့နယ်၊ ခုန်တိုင်တဲစု၊ သဖန်းရောင်ကျေးရွာ၊ ယင်းကောက်ကျေးရွာ၊ ငကုန်းကျေးရွာများသို့ ပြောင်းရွှေ့ လာကြသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၇)စု၊ လူဉီးရေ (၇၉) ဉီးတို့အတွက် ဆန်ရိက္ခာဖိုး (၁)လစာ (၇၁၁,၀၀ဝ) ကျပ်ကို (၂၇-၃-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းတုန်းမြို့နယ်၊ အထွေထွေ … Read more
-
COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ပြည်သူများအား အသိပညာ ပေးခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး
မတ်လ၊ ၂၆ ၊ နေပြည်တော် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများက ပြည်သူများနှင့်ပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာများအရောက် ပညာပေးခြင်းလုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၅)ခုရှိ ဦးစီးမှူးများအား အင်တာနက်ကွန်ယက် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းက ညှိနှိုင်း ဆွေးနွေးခဲ့သည်။ … Read more
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေရှားပါးနေသည့် သရက်ချောင်းမြို့နယ်၊ ပန်းချီရှောင်ကျေးရွာအုပ်စု၊ ပန်းချီရှောင်ကျေးရွာသို့ (၂၆-၃-၂၀၂၀)ရက်နေ့ (၈:၃ဝ)ချိန်၌ မြို့နယ်သဘာဝဘေးကော်မတီနှင့်အတူ အိမ်ခြေ(၁၀၀) လုံး၊ လူဦးရေ(၅၄၀)ဦးအတွက် သောက်သုံးရေ (၃,၆၀၀) ဂါလံအား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #tny_mar2020 Source: သရက်ချောင်းမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၂၀) ရက်နေ့တွင် မိုင်းပန် မြို့နယ်၊ ရွာသစ်ရပ်ကွက်၌ မီးအားမြှင့်စက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ပါသ ဖြင့် မီးဘေးသင့် သွပ်မိုး၊ ထရံကာ အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ ဒဏ်ရာရသူတစ်ဦးအတွက် (၅၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၄,၇၀၀)ကျပ်၊ စုစုပေါင်း … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀)ရက်နေ့၊ (၁၄:၁၅) နာရီ အချိန်တွင် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းအုပ်စု၊ မက်မွန်ကျယ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ်(၁၈)လုံး၊ အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၉၈) ဦးမီးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်အိမ်ထောင်စု (၁၈) စုမှပျဉ်ထောင်၊ သွပ်မိုးနေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀,၀၀၀) ကျပ်နှင့် သက်ကယ်မိုး၊ ထရံကာနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်း … Read more









