
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ သရက်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ (၁၂-၃-၂၀၂၀)ရက်နေ့မှ (၁၈-၃-၂၀၂၀)ရက်နေ့အထိ ရခိုင်ပြည်နယ် အမ်းမြို့မှထွက်ခွာလာခဲ့ပြီး ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာမှတဆင့် မင်းတုန်းမြို့နယ်၊ ခုန်တိုင်တဲစု၊ သဖန်းရောင်ကျေးရွာ၊ ယင်းကောက်ကျေးရွာ၊ ငကုန်းကျေးရွာများသို့ ပြောင်းရွှေ့ လာကြသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၇)စု၊ လူဉီးရေ (၇၉) ဉီးတို့အတွက် ဆန်ရိက္ခာဖိုး (၁)လစာ (၇၁၁,၀၀ဝ) ကျပ်ကို (၂၇-၃-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းတုန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် တိုက်ပွဲရှောင်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)