
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀)ရက်နေ့၊ (၁၄:၁၅) နာရီ အချိန်တွင် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းအုပ်စု၊ မက်မွန်ကျယ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ်(၁၈)လုံး၊ အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၉၈) ဦးမီးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်အိမ်ထောင်စု (၁၈) စုမှပျဉ်ထောင်၊ သွပ်မိုးနေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀,၀၀၀) ကျပ်နှင့် သက်ကယ်မိုး၊ ထရံကာနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၉၈) ဦးအတွက်ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ ငွေ (၂၀၅,၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၀၅,၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၁၈) အိမ်ထောင်စုစာတို့ကို (၂၆-၃-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ဆက်ဦးစီး ဌာန၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ အုပ်စုရပ်ကျေးစာရေးတို့နှင့်အတူသွားရောက်၍ ပြည်သူ့လက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မိုင်းဖြတ်မြို့နယ်ဉီးစီးမှူးရုံး (ဘစမ)