COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ပြည်သူများအား အသိပညာ ပေးခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး

27_Pic_01

မတ်လ၊ ၂၆ ၊ နေပြည်တော်
COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများက ပြည်သူများနှင့်ပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာများအရောက် ပညာပေးခြင်းလုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၅)ခုရှိ ဦးစီးမှူးများအား အင်တာနက်ကွန်ယက် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းက ညှိနှိုင်း ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားရာ ဝန်ထမ်းများ အနေဖြင့် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် ပြည်သူများအား ထိရောက်စွာ အသိပညာပေးခြင်းလုပ်ငန်းကို မူလတာဝန်များနှင့် ပူးတွဲဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသော COVID -19 ရောဂါဆိုင်ရာ လိုက်နာ ဆောင်ရွက်ရန်များကို ပြည်သူများ ပိုမိုသိရှိ သဘောပေါက်နားလည်ကြရန် ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ဤရောဂါသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားပြန့်နှံ့နေပြီ ဖြစ်သောကြောင့် ရောဂါပိုးကူးစက် ပြန့်ပွားမှုများသော နိုင်ငံများမှ ပြန်လာကြသူများကို ရောဂါပိုးကူးစက်ခံရနိုင်သည်ဟု ယူဆသတ်မှတ်ရ မည်ဖြစ်ကြောင်း၊ ထိုသူများကိုလည်း နားလည်အောင် မိမိတို့က ရှင်းပြပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ယူဆပြီးဆောင်ရွက်ခြင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်သာမက ၎င်းတို့၏ မိခင်၊ ဖခင် မိသားစုဝင် အဘိုး၊ အဘွားများအတွက်လည်း ဖြစ်ကြောင်းကို သိရှိသဘောပေါက်အောင် ရှင်းပြနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာကြသူများသည် (၁၄) ရက်ကြာ သီးခြားခွဲ၍ နေထိုင်ကြရန် အရေးကြီးပြီး ယခုလိုဆောင်ရွက်စေခြင်းသည် ခွဲခြားဆက်ဆံခြင်း လုံးဝ မဟုတ်ဘူးဆိုသည်ကို သိရှိအောင် ရှင်းပြ နိုင်ရမည်ဖြစ်ကြောင်း၊ ထိုသူများအတွက် နေထိုင်စားသောက်ရေး အစီအမံများ၊ နေရပ်ပြန်လည် ရောက်ရှိ ချိန်တွင် ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦ များတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Based Facility Quarantine) တစ်ခုသတ်မှတ်ပြီး စီစဉ်ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း၊ သို့မဟုတ် ၎င်းတို့နေအိမ်၌ နေထိုင်လိုပါကလည်း မိသားစုဝင်များနှင့် သီးခြားနေထိုင်စေလိုပြီး ထိတွေ့ဆက်ဆံမှုများ မပြုလုပ်ကြရန် အလွန်အရေးကြီးကြောင်းကို ရှင်းလင်းပြကြရန်ဖြစ်ကြောင်း၊ အသိပညာပေးမှုများကို ရပ်ကွက်၊ ကျေးရွာများ တွင် ပိုမိုထိရောက်အောင် အသံချဲ့စက်များဖြင့်လှည့်လည်၍ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားမှ ပြန်လာကြသူများအနေဖြင့်လည်း သက်ဆိုင်ရာဌာနများသို့ သတင်းပို့ကြရန် အရေးကြီးပါကြောင်း၊ သတင်း ပို့မှသာ မိမိမှာ ရောဂါပိုးကူးစက်ခံရပါက အချိန်မီ ထိန်းချုပ်ကုသမှုခံယူနိုင်ပြီး မိမိ မိသားစု၊ ရပ်ကွက်၊ ကျေးရွာကို ကာကွယ်နိုင်မှာဖြစ်သည့်အတွက် နိုင်ငံခြားမှပြန်လာကြသူများ သတင်းပို့နိုင်ရေးကိုလည်း ပါဝင် ကူညီကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့နည်းလမ်းများကို ပြည်သူ တစ်ယောက်ချင်းက ကိုယ့်တာဝန်ကိုယ်ယူ ကြရမှာဖြစ်ကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် အကျုံးဝင်ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ အခန်း (၁) ပုဒ်မ (၂) (ခ)အရ သဘာဝဘေးအန္တရာယ်ဟု ဆိုရာတွင် လူ(သို့မဟုတ်) တိရစာ္ဆန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားခြင်းပါဝင်ပါကြောင်း၊ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ညွှန်ကြားချက်များကို ပြည်သူများ သိရှိလိုက်နာရန်လိုပါကြောင်း၊ မလိုက်နာပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ပြည်သူများသည် ဥပဒေကို သိရှိပြီး လိုက်နာဆောင်ရွက်ရန် ပညာပေးရမည် ဖြစ်ကြောင်း၊ ပြည်သူများ ဥပဒေကိုသိရန် ဝန်ထမ်းများက ရှင်းလင်းပြောကြားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်က ဝန်ထမ်းများအနေဖြင့် ညွှန်ကြားချက်များကို သိရှိလိုက်နာ ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ချိတ်ဆက် ပူးပေါင်းပြီး အစိုးရ၏ ထုတ်ပြန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_mar2020

Source: MSWRR

 

Sign Up

Upcoming Events