
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀) ရက်နေ့၊ တောင်ကြီးမြို့၊ တောင်နီကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဉီး မီးဘေးသင့်ခဲ့ရာ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၆,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၆,၃၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် (၄၆,၅၅၃) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးတို့ကို (၂၆-၃-၂၀၂၀) ရက်နေ့(၁၃:၃၀)အချိန်တွင် ဘေးသင့် ပြည်သူလက်ဝယ်သို့သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဉီးစီးမှူးရုံး (ဘစမ)