Author Archives: Thandar Aung

  • ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအုပ်စု၊ ကုက္ကိုဝကျေးရွာ ကမ်းပြိုဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအုပ်စု၊ ကုက္ကိုဝကျေးရွာ၌ (၂၂-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်နေအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀၀) ကျပ်တိတိအား (၂၃-၄-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more

  • ပခုက္ကူမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၃:ဝဝ) နာရီအချိန်ထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၊ ထန်းပေါက်တောကျေးရွာ၊ သရက်ကန်ကျေးရွာ၊ မြေပန်းတောင်းကျေးရွာနှင့် တမာပင်ကျေးရွာများအတွင်း COVID-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆိပ်ကလေးကျေးရွာ၊ ခလယ်စောကျေးရွာနှင့် ကွမ်ကသောင်ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ကျေးရွာနေပြည်သူများထံ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သရက်မြို့နယ်၊ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြတ်ပါရမီပရဟိတအသင်းတို့ပူးပေါင်း၍ (၂၃-၄-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်၊ သရက်တောကျေးရွာ၊ လေးတိုင်စင်(ဈေး)၊ သဲတောကျေးရွာ၊ နှင်းဆီမြိုင်ကျေးရွာ၊ မီးသွေးဖုတ်ကျေးရွာ(တောင်၊မြောက်၊ရှေ့၊နောက်)၊ ထုံးတောင်ကျေးရွာ၊ တောင်မင်းတည်းရပ်ကွက်နှင့် မြောက်မင်းတည်းရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊‌ ဘိုင်းဒေါင့်ချောင်းကျေးရွာ‌၊ ဘိုကုန်းကျေးရွာ၊ လိပ်ကုန်းကျေးရွာနှင့် ချစ်တီးကုန်းကျေးရွာများသို့ သွားရောက်ကာ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ချောက်မြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ မင်းဒေါင့်ကျေးရွာနှင့် စမ်းနီကျေးရွာများသို့ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုနှင့် အင်္ဂပူမြို့ပေါ်ရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၄-၂၀၂၀) ရက်နေ့တွင် ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု၊ ရှမ်းခေါင်းဗြဲကျေးရွာ၊ ရေကျော်အရှေ့ကျေးရွာ၊ ရေကျော်အနောက်ကျေးရွာ၊ ဝက်သေကျေးရွာများနှင့် အင်္ဂပူမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များအတွင်း COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်များကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဒေးဒရဲမြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊တော်ကမယ်ကျေးရွာ၊ ဝါးမသိမ်းကျေးရွာ၊ တော်ကမယ်ကုန်းတန်းကျေးရွာ၊ သံဒင်းထက်ကျေးရွာ၊ သံဒင်းအောက်ကျေးရွာ၊ တော်ကမံကျေးရွာ၊ တော်မှတ်ကျေးရွာ၊ တော်ညွန့်ကျေးရွာ၊ တော်မလွတ်ကျေးရွာညောင်ပင်ကုန်းကျေးရွာ၊ ပေါက်ပင်ဖြုစုကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ခမိကျေးရွာ၊ ချောင်းမတန်းကျေးရွာနှင့် ဝါးသိမ်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များကို ကျေးရွာရှိပြည်သူများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပေတောတောင်ကျေးရွာ၊ ပေတောမြောက်ကျေးရွာနှင့် သမင်ခြံကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပေတောတောင်ကျေးရွာ၊ ပေတောမြောက်ကျေးရွာနှင့် သမင်ခြံကျေးရွာတို့၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့်အိမ်ခြေ (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၆၀,၀၀၀ိ/-) အား (၂၂-၄-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_apr2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေကြည်မြို့နယ်၊ အသုတ်မြို့၊ တိုက်စွန်းအောက်အင်းကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ တိုက်စွန်းအောက်အင်းကျေးရွာအုပ်စု၊ တိုက်စွန်းအောက်အင်းကျေးရွာ၌ (၀၉:၀၀) နာရီမှ (၁၀:၀၀) နာရီအထိလည်းကောင်း၊ ညောင်ကုန်းကျေးရွာ၌ (၁၀:၀၀) နာရီမှ (၁၀:၄၅) နာရီအထိလည်းကောင်း၊ လက်ပံစုကျေးရွာ၌ (၁၀:၃၀) နာရီမှ (၁၂:၀၀) နာရီအထိလည်းကောင်း၊ မာလာကုန်းကျေးရွာ၌ (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီအထိလည်း ကောင်း၊ သရက်တောကျေးရွာ၌ (၁၄:၀၀) နာရီမှ (၁၅:၃၀) နာရီအထိလည်းကောင်း၊ သဲကုန်းကျေးရွာ၌ (၁၅:၃၀) နာရီမှ … Read more

Sign Up

Upcoming Events