လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပေတောတောင်ကျေးရွာ၊ ပေတောမြောက်ကျေးရွာနှင့် သမင်ခြံကျေးရွာတို့၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့်အိမ်ခြေ (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၆၀,၀၀၀ိ/-) အား (၂၂-၄-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။