လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ တိုက်စွန်းအောက်အင်းကျေးရွာအုပ်စု၊ တိုက်စွန်းအောက်အင်းကျေးရွာ၌ (၀၉:၀၀) နာရီမှ (၁၀:၀၀) နာရီအထိလည်းကောင်း၊ ညောင်ကုန်းကျေးရွာ၌ (၁၀:၀၀) နာရီမှ (၁၀:၄၅) နာရီအထိလည်းကောင်း၊ လက်ပံစုကျေးရွာ၌ (၁၀:၃၀) နာရီမှ (၁၂:၀၀) နာရီအထိလည်းကောင်း၊ မာလာကုန်းကျေးရွာ၌ (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီအထိလည်း ကောင်း၊ သရက်တောကျေးရွာ၌ (၁၄:၀၀) နာရီမှ (၁၅:၃၀) နာရီအထိလည်းကောင်း၊ သဲကုန်းကျေးရွာ၌ (၁၅:၃၀) နာရီမှ (၁၆:၃၀) နာရီအထိလည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)