Author Archives: Thandar Aung
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ လေဘာဆိပ်ရပ်၊ အမှတ်(၇)ရပ်ကွက်၊ အုတ်ဖိုရပ်နှင့် ရွာဟောင်းရပ်တို့၌ (၁-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁၃)စု၊ လူဦးရေ (၇၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၁၂၀ဝိ/-) ကျပ်တို့အား (၂-၈-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fld #mgy_aug2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၉/၇၃/၇၅/၇၆/၇၇/၇၈)ရပ်ကွက်များအတွင်း Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၉/၇၃/၇၅/၇၆/၇၇/၇၈)ရပ်ကွက်များအတွင်း Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များအား သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_jul2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ သဘာဝဘေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၀) ရက်နေ့တွင် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဆင်ပိုက်အလယ်စုကျေးရွာ၊ ဆင်ပိုက်အရှေ့စုကျေးရွာ၊ ဆင်ပိုက်အနောက်စုကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ မအူတန်းကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ရှားစီးဘိုကျေးရွာ၊ ကျခတ်တန်းကျေးရွာနှင့် ရွာသစ်ကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ သဘာဝဘေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_jul2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များအတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ကသာမြို့နယ်၊ သူဌေးကုန်းရပ်ကွက်၊ မြေနုကျေးရွာအုပ်စု မြေနုကျေးရွာ၊ ဒုံးအော့ကျေးရွာအုပ်စု ဒုံးအော့ကျေးရွာ၊ မြိုင်သာယာကျေးရွာနှင့် ဘန့်ဘွေးကုန်းကျေးရွာ၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု စစ်ကုန်းကျေးရွာတို့မှ ရေဘေးသင့်အိမ်ထောင်စု(၇၁)စုရှိ လူဦးရေ(၂၉၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၀၉၀၀၀) ကျပ်၊ ထီးချိုင့်မြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ စစ်တန်းကျေးရွာအုပ်စု စစ်တန်းကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု (၃၁)စုရှိ လူဦးရေ(၁၃၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၈၉၈၀၀) ကျပ်နှင့် ဆပ်ပြာ (၂၉) တောင့်၊ အဝတ် Mask (၁၃၀)ခုတို့အား … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေး၊ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ပံ့ပိုးကူညီရေးနှင့် COVID-19 လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး
~~~~~~ Source: MOSWRR ~~~~~~ ဇူလိုင် ၁၈၊ စစ်တွေ ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၈-၇-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချ ထားရေး၊ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ပံ့ပိုးကူညီရေးနှင့်COVID-19 လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် ဂုဏ်ပြုလွှာများပေးအပ်
~~~~~~~~~~~~~~ Source: MOSWRR ~~~~~~~~~~~~~~ ဇူလိုင် ၁၈၊ စစ်တွေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများပေးအပ်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို (၁၈-၇-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်း၌ စစ်တွေမြို့တွင် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ … Read more
-
လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ပိန်းချစ်ကျေးရွာ၊ ဆိုမိုကျေးရွာ၊ ဒေါတ နောကျေးရွာ၊ လွယ်ထွဲရွာသစ်ကျေးရွာနှင့် လွယ်ထွဲရွာဟောင်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_jul2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈- ၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲလျက်ရှိသော နတ်မောက်မြို့နယ်၊ တမလန်းပင်အုပ်စု၊ အင်တောကျေးရွာရှိ အိမ်ခြေ(၁၄၀)၊ အိမ်ထောင်စု (၁၂၀)၊ လူဦးရေ(၉၀၀) အား သောက်သုံးရေဂါလံပေါင်း (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေကြီးမှု အခြေအနေသတင်း (၁၈-၇-၂၀၂၀ ရက်နေ့ထုတ်ပြန်ချက်)
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁၈-၇-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် (၂)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။
-
ဘားအံမြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၂:၀၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ကျုံခဝန်ကျေးရွာ၊ နော့နော်ဝါးကျေးရွာ၊ တံတားဦးကျေးရွာ၊ ဝင်းဒရယ်ကျေးရွာ၊ ကျောက်တစ်လုံးကျေးရွာ၊ ဘင်ဂျီကျေးရွာနှင့် ဝါးဘိုးတောကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #krn_jul2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး … Read more
