လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၀) ရက်နေ့တွင် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဆင်ပိုက်အလယ်စုကျေးရွာ၊ ဆင်ပိုက်အရှေ့စုကျေးရွာ၊ ဆင်ပိုက်အနောက်စုကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ မအူတန်းကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ရှားစီးဘိုကျေးရွာ၊ ကျခတ်တန်းကျေးရွာနှင့် ရွာသစ်ကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ သဘာဝဘေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)