ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များအတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ကသာမြို့နယ်၊ သူဌေးကုန်းရပ်ကွက်၊ မြေနုကျေးရွာအုပ်စု မြေနုကျေးရွာ၊ ဒုံးအော့ကျေးရွာအုပ်စု ဒုံးအော့ကျေးရွာ၊ မြိုင်သာယာကျေးရွာနှင့် ဘန့်ဘွေးကုန်းကျေးရွာ၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု စစ်ကုန်းကျေးရွာတို့မှ ရေဘေးသင့်အိမ်ထောင်စု(၇၁)စုရှိ လူဦးရေ(၂၉၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၀၉၀၀၀) ကျပ်၊ ထီးချိုင့်မြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ စစ်တန်းကျေးရွာအုပ်စု စစ်တန်းကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု (၃၁)စုရှိ လူဦးရေ(၁၃၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၈၉၈၀၀) ကျပ်နှင့် ဆပ်ပြာ (၂၉) တောင့်၊ အဝတ် Mask (၁၃၀)ခုတို့အား သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
#ha_fld
#sgg_jul2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events