Author Archives: Thandar Aung
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက် ဗီနိုင်းကို ဒီးမော့ဆိုမြို့ ၌ အများပြည်သူသိရှိစေရန် ချိတ်ဆွဲဆောင်ရွက်ထားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများသည်(၁၀.၄.၂၀၁၇)ရက်နေ့တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက် ဗီနိုင်းကို ဒီးမော့ဆိုမြို့၊မြို့မစျေးလမ်းထောင့် တွင်လည််းကောင်း၊ဖရူဆိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးမျက်နှာစာတွင်လည်းကောင်း၊ဘောလခဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးကြေညာသင်ပုန်းတွင်လည်းကောင်း အများပြည်သူသိရှိစေရန် ချိတ်ဆွဲ ထားကြောင်းသိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဇီးတောအုပ်စု၊ သပြေပင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ လွှဲပြောင်းပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဇီးတောအုပ်စု၊ သပြေပင်ကျေးရွာ၌ (၈-၄-၂၀၁၇) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဦးဇော်မျိုးထက်၏နေအိမ်ခေါင်မိုးပေါ်ရှိ ဆိုလာပြားမှအပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ် (၂)လုံး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ ဆန်နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၁၄၇၀၀) ကျပ်တိတိကို (၁၀-၄-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိတစ်ဦးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more
-
“လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ ပန်ကြားချက်” ဗီနိုင်းအား အများပြည်သူများသိရှိနိုင်ရန် ချိတ်ဆွဲဆောင်ရွက်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၁၀-၄-၂၀၁၇) ရက်နေ့၊ (၁ဝးဝ၀) နာရီအချိန်တွင် “လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ ပန်ကြားချက်” ဗီနိုင်းအား အများပြည်သူများသိရှိနိုင်စေရန် မြင်သာသော လပွတ္တာမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရေပေါ်စျေးကော်မတီရုံးရှေ့၌ ချိတ်ဆွဲဆောင်ရွက်ခဲ့ပြီး ပန်ကြားချက်စာရွက်များကိုလည်း စျေးသွားစျေးလာပြည်သူများသို့ ဝေငှခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက် ဗီနိုင်းကို လွိုင်ကော်မြို့၊ စျေးရှေ့၌ အများပြည်သူသိရှိစေရန် ချိတ်ဆွဲဆောင်ရွက်ထားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၉-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက် ဗီနိုင်းကို လွိုင်ကော်မြို့၊ စျေးရှေ့တွင် အများပြည်သူသိရှိစေရန် ချိတ်ဆွဲဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
-
ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာနှင့် ဆောင်ဒူလာကျေးရွာအုပ်စု၊ ဆောင်ဒူလာကျေးရွာများသို့ သောက်သုံးရေများနှင့် ရေသန့်ဆေးထုပ်များ သွားရောက်ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာသို့ (၁၁၀၀) ဂါလံဆန့် ရေသယ်ယာဉ် (၃) စီး၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ဆောင်ဒူလာကျေးရွာများသို့ (၅၅၀) ဂါလံဆန့် ရေသယ်ယာဉ် (၂) စီ၊ စုစုပေါင်းရေသယ်ယာဉ် (၅) စီးနင့် ရေသန့်ဆေးထုပ်များကို (၉-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ ၄င်းနောက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက်စာရွက်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဖရူဆိုမြို့နယ်၊ ထီးသော်တနီးကူးကျေးရွာနှင့်ဒေါ်ကူလယ်ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွေရာသီ သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ထီးသော်တနီးကူးကျေးရွာနှင့်ဒေါ်ကူလယ်ကျေးရွာများသို့ (၁၁၀၀)ဂါလံဆန့် ရေသယ်ယာဉ်တစ်စီးစီ၊ စုစုပေါင်းရေသယ်ယာဉ်(၂)စီးကို (၇-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကယားလမ်းကျေးရွာအုပ်စု၊ ကယားလမ်းကျေးရွာ၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ထပ်မံထောက်ပံ့မှုသတင်း
(၃၀-၃-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကယားလမ်းကျေးရွာအုပ်စု၊ ကယားလမ်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁၁) လုံးမှ အိမ်ထောင်စု (၁၁) စုအတွက် (၆-၄-၂၀၁၇) ရက်နေ့နံနက်ပိုင်းတွင် အိမ်ဆောက်ပစ္စည်းဖိုး (၁) အိမ်လျှင်(၂၀၀၀၀၀) ကျပ်နှုန်းဖြင့် (၂၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၄၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၉၂၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၂၉၂၄၀၀) ကျပ်တိတိအား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ နမ့်ဆန်မြို့နယ်အုပ်ချုပ်ရေးမှူးအမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတဆင့် လွှဲပြောင်းထောက်ပ့ံပေးအပ်ခဲ့ပြီးဖြစ်ကြောင်း … Read more
-
ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ ရေဆန်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၆-၄-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ ရေဆန်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် အိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာ၊ ဆန် (၇) ရက်စာဖိုးငွေ (၆၃၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်တိတိအား (၉-၄-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး … Read more
-
ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ကျုံကန်ကျေးရွာ၌ ပြည်သူလူထုပူးပေါင်းပါဝင်သော ဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်သတိပေးစနစ်မွမ်းမံသင်တန်းဖွင်လှစ်မှုသတင်း
(၇-၄-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Action Aid Myanmar ဖျာပုံအဖွဲ့နှင့်ပူးပေါင်း၍ ပြည်သူလူထုပူးပေါင်းပါဝင်သော ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်မွမ်းမံသင်တန်းအား ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ကျုံကန်ကျေးရွာ၌ သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင်လှစ်ပါသည်။ အဆိုပါသင်တန်း၌ ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်သရုပ်ပြလေ့ကျင့်ခြင်း၊ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ Table Top Exercise ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဝေငှပေးခဲ့ပြီးနောက် DAN Mobile Application နှင့် KOBO Collect Mobile Application ဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ … Read more
