Author Archives: Thandar Aung

  • ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ (၈) ရွာနေ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ (၈) ရွာ၌ (၂၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် အိမ်ခြေ (၁၆) လုံးအတွက် ပလတ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၆) အိမ်ထောင်စာကိုလည်းကောင်း၊ အမိုးလန်ခဲ့သည့်အိမ်ခြေ (၈၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၈၆) အိမ်ထောင်စာကိုလည်းကောင်း ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့တွင် လေဘေးဖြစ်ပွားရာ ကိုင်းချောင်းအုပ်စု၊ ကိုင်းချောင်းကျေးရွာရှိ ဓမ္မလင်္ကာရဝါးတောကျောင်းတွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more

  • ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာအုပ်စု၊ အင်ကြင်းပင်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

    (၁၃-၅-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာအုပ်စု၊ အင်ကြင်းပင်ကျေးရွာ၌ လေပြင်းတိုက်ခတ်ခဲ့ရာ အမိုးလန််ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀) ကျပ်၊  လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာတို့အား (၂၂-၅-၂၀၁၇) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အရာထမ်း/အမှုထမ်း အိမ်ရာများ လှည့်လည်ကြည့်ရှုမှုသတင်း

    ၂၁-၅-၂၀၁၇ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၇ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ နေထိုင်သော တိုက်အမှတ် (၂၃၈၆)၊ (၂၃၈၇)၊ (၂၃၈၈)၊ (၈၁၇)၊ (၈၁၈)၊ (၂၇၄)၊ (၂၇၅)၊ သဇင်(၃)၊ အဆောင် (၈) နှင့်အဆောင် (၁၀) များသို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုကာ ဝန်ထမ်းများ၏ အိမ်ရာများတွင် နေထိုင်မှုအခြေအနေ၊ ကြံ့ခိုင်မှုနှင့်မိုးမကျမီပြုပြင်ရန် လိုအပ်ချက်များ၊ … Read more

  • ဟင်္သာတမြို့နယ်၊ လယ်တီအုပ်စုအတွင်း လေဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဟင်္သာတမြို့နယ်၊ လယ်တီအုပ်စု၌ (၂၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့်အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အမိုးလန်ခဲ့သည့်အိမ်ခြေ (၂၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • အင်္ဂပူမြို့နယ်၊ ကျေးရွာအုပ်စု ၅ စု၊ ကျေးရွာခွဲ ၈ ရွာမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    အင်္ဂပူမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာခွဲ (၈) ရွာ၌ (၁၉- ၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး ၂ အိမ်ထောင်စာ၊ အမိုးလန်ခဲ့သည့် အိမ်ခြေ (၁၆) လုံးမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း ့ ၄ မျိုး ၁၆ အိမ်ထောင်စာတို့ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more

Sign Up

Upcoming Events